Digital Marketing ဆိုတာဘာလည်း?
Digital Marketing ဆိုတာ Digital Platform ဖြစ်တဲ့ Website, Social Media, Software တစ်ခုခုကိုသုံးပြီ Products, Services တွေကိုအရောင်းမြှင့်တင်တာဘဲဖြစ်ပါတယ်။
Digital Marketing ဆိုတာဘာလည်း?
ဟို့အရင် Digital Marketing ဆိုတာ မရှိခင်တုန်းကဆိုရင် Traditional Marketing နည်းလမ်း ဖြစ်တဲ့ TV, Radio, ကြော်ငြာဘုတ်တွေကိုသုံးပြီ Services, Products တွေကို ကြော်ငြာ ခဲ့ ကြပါတယ်။
နောက်ပိုင်း နည်းပညာတွေတိုးတက်လာချိန်မှာတော့ Company ကြီတွေက Digital Platform တွေပေါ် မှာ ကြော်ငြာတွေကို စတင်ဖန်တီးလာခဲ့ကြပါတယ်။ Digital Marketing ခေတ်ဦးစမှာ တော့ Email Marketing က လူတိုင်းကြိုက်တဲ့ ရှပ်ရှင်မင်းသားတစ်ယောက်ဖြစ်ခဲ့ပါတယ်။ နောက်ပိုင်း Search Engine တွေပေါ် လာပြီး လုပ်ငန်းရှင်းတိုင်း Search Engine တွေမှာ နေရာရဖို့ ကြိုးပမ်းလာခဲ့ကြပါတယ်။
Social Media တွေခေတ်စားလာခဲ့တဲ့ အချိန်မှာတော့ လုပ်ငန်းတွေက Social Media Channel, Pages တွေစတင်ဖန်တီးလာခဲ့ကြပါတယ်။ တို့မြန်မာနိုင်းမှာတော့ Internet ခေတ်အစမှာ လူတိုင်း Internet မသုံးနိုင်းခဲ့ကြတော့ Email Marketing နဲ့ Search Engine Marketing တို့ကို ကျော်လွှားပြီ Social Media Marketing ဖြစ်တဲ့ Facebook Marketing မှာဘဲ အားကောင်းခဲ့ပါတယ်။
Digital Marketing က Facebook မှာ ကြော်ငြာ တာထက် လုပ်လို့ရတဲ့ အရာတွေအများကြီ ရှိပါ သေးတယ်။
Digital Marketing အမျိုးအစားများ
Digital Marketing တွေက နေ့စဥ်နဲ့အမျှ အသစ်အသစ် တွေပေါ်နေတာဖြစ်ပြီး အခုပြောပြမဲ့ Digital Marketing အမျိုးအစား တွေကို အခြေခံအနေနဲ့ သိထာသင့်ပါတယ်။
| Content Marketing | SEO | Advertising |
| Website Marketing | Social Media Marketing | Email Marketing |
1. Content Marketing
Content Marketing လို့ပြောလိုက်တာနဲ့ လူအများစုကကြော်ငြာရေးတင်တာကို ပြေပြီ မြင်ကြပါတယ်။ ကြော်ငြာရေးတင် ခြင်းကို ကြတော့ Copywriting လို့ ခေါ် ပြီ Content Marketing အောက်မှာ ပါဝင်ပါတယ်။ တစ်ကယ်တော့ Content Marketing ဆိုတာ စာရေးတင်တာ ပင်မကဘဲ၊ ဗီဒီယိုတွေ၊ ပုံတွေကို အသုံးပြုပြီ Social Media, Website, Email, Search Engine တွေမှာ Promote လုပ်ခြင်းကို Content Marketing လို့ခေါ်ပါတယ်။
Content Marketing က ကြော်ငြာ တိုင်းမှာ အရေးပါတဲ့ Marketing တစ်ခုပါ။ Content ရှိမှ Marketing လုပ်လို့ရတာပါ။
2. Website Marketing
မြန်မာနိုင်းငံ မှာရှိတဲ့ လုပ်ငန်းအများစုကတော့ Website မရှိတာများပါတယ်။ လုပ်ငန်းရှင် အနေနဲ့ ကြည့်ရင်တော့ Website တွေက ချက်ချင်း ရလာဒ် တစ်ခု မပေါ်လာတာမျိုး၊ ဈေးကြီနေတာမျိုး ကြောင့် website မလုပ်ကြတာလည်း ဖြစ်နိုင်းပါတယ်။ အခုလို Networking တိုးတက်နေတဲံ ကာလတွေမှာတော့ Website တစ်ခုရှိထာချင်းကတော့ Internet မှာ ဆိုင်းတစ်ခုဖွင်းထာချင်းနဲ့ တူ ပါတယ်။
Website တစ်ခုရှိမှဒါပင် SEO (Search Engine Optimization) ကိုပြုလုပ်နိုင်းမှာ ဖြစ်ပါတယ်။
3. SEO (Search Engine Optimization)
Website ကို Launch လိုက်တာနဲ့ကိုယ့်ရဲ့ website ကိုလူတွေရှာတဲ့အခါ (or) ကို့ရဲ့ လုပ်ငန်းနဲ့ ပတ်သက်တဲ့ Keyword ကိုရှာတဲ့ အခါ ထိပ်ဆုံးမှာ ကြလာမှာ မဟုတ်ပါဘူး။ ကိုယ့်ရဲ့ Website က ထိပ်ဆုံးမှာကြမှလူတွေ ဝင်ကြည့်မှာ ဖြစ်ပြီ အဲ့လို ဖြစ်အောင်း Search Engine Optimization လုပ်ရပါတယ်။
4. Social Media Marketing
Social Media Marketing ဆိုတာ အများကြီတော့ ပြောစရာမလို့လောက်တော့ ဘူလို့ထင်ပါတယ်။ ဒီခေတ်ကြီမှာ Social Media တွေ သုံးသူများပြားလာတာ နဲ့တစ်ကွ လုပ်ငန်း တွေကလည် Social Media Marketing တွေကို ပိုမို အရေးပေးလာကြပါတယ်။ လုပ်ငန်းတိုင်း Social Media Pages တွေရှိ လာကြတော့ ပြိုင်းဆိုင်းမှုတွေ ပြင်းထန်းလာတဲ့ အပြင် Social Media Platform တွေကလည်း Paid Ads တွေ ဖန်တီဖို့ တွန်းအားပေလာကြတော့ စိန်ခေါ်မှု တွေရှိလာပြန်တယ်။
5. Advertising
အင်တာနက် ခေတ်ဦမှာတော့ ကြောငြာဖန်တီးတဲ့ အခါ Paid Per Click (PPC) လို့ခေါ်တဲ့ ကို့ရဲ့ ကြော်ငြား ကို Click လိုက်မှ ငွေကောက်ခံတာမျိုး ပြုလုပ်ကြပါတယ်။
နောက်ပိုင်း နည်းပညာတွေ တိုးတက်လာတော့ Click နဲ့ မဟုတ်ဘဲ တစ်ခြားနည်းနဲ့ ကြော်ငြာခတွေကောက်ခံလာကြပါတယ်။ Advertising ကတော့ အခုလုပ်ငန်း အများစု က မစိမ်းကြပါဘူး။ Facebook မှာ Ads တစ်ခုဖန်တီးတာလည် Advertise လုပ်နေတာပါ။
Facebook, Instagram, LinkedIn, Twitter, Pinterest, Tiktok တို့လို Social Platform မှာတင်မဟုတ်ဘဲ Search Engine တွေ ဖြစ်တဲ့ Google, Bing တွေမှာ လည်း ကြောငြားတွေပြနိုင်းပါတယ်။ Website တစ်ခုပိုင်းဆိုင်းထာရင် လည် ကိုယ့်ရဲ့ Site ကြော်ငြားပြလို့ရသလို သူများ Site မှာ လည် ကို့ရဲ့ Website ကြော်ငြား တွေ သွား ပြလို့ ရ ပါတယ်။
6. Email Marketing
Email Marketing က Digital Marketing ခေတ်ဟောင်းအတိုင်းအဝိုင်းမှာ မင်သားကြီးတစ်ယောက်ဖြစ်ခဲ့ပါတယ်။ ယခုခေတ်မှာတော့ မင်းသားကြီ မဟုတ်တော့လည် ရှပ်ရှင် ထက် ရှိုက်နေတဲ့ ခေတ်ဟောင်း မင်းသားတစ်ယောက်အဖြစ် အသုံးဝင်နေပါသေးတယ်၊ တစ်စက္ကန့်ကို Email ပေါင်း 4သန်းလောက် ပို့နေတာမလို့ အပြိုင်းအဆိုင်း အရမ်း များပြီ မင်းသာရာထူးကနေမကျသေးပါဘူး။